Download App

Chapter 2: အခန်း(၁) Nation's Husband ကို အိမ်သို့ယူလာခြင်း

အခန်း(၁) Nation's Husband ကို အိမ်သို့ယူလာခြင်း (၁)

လူတိုင်းဟာ တစ်ယောက်ကို တစ်ယောက် ချစ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်၊ ဒါပေမယ်မကြာခဏဆို သလို သူတို့တစ်ယောက်ကိုတစ်ယောက် 'ငါမင်းကို ချစ်တယ်' ပြောဖို့ မေ့နေတတ်ကြတယ်။

လူဂျင်နန် ၏ နိုးစက်သံ မြည် လာသောအခါ ချောင်အင်ဟောင် သည် ပထမဆုံး နိုးလာခဲ့ သည်။ဘေးဘက်သို့ လှည့်ကြည့်လိုက်သော အခါ သူမသည် လူဂျင်နန် ၏လက်ပေါ်၌ အိပ်ပျော်နေကြောင်း သဘောပေါက်လိုက်သည်။၂စက္ကန့် လောက်ကြာပြီးနောက် ယခင်ညမှဖြစ်ရပ်များ ကိုပြန်လည် သတိရလိုက်သည်။သူမသည် အိမ်ယာပေါ်မှထိတ်လန့် တကြား ခုန်ချလိုက်ပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်။

ဖုန်းနိုးစက်သံနှင့် ချောင်အင်ဟောင် ၏ ဆူညံသော လုပ်ရပ်များက လူဂျင်နန် ကို နိုးထစေခဲ့သည်။

သူမျက်လုံးဖွင့် လိုက်သောအခါ ရေချိုးခန်းထဲ ရောက်နေသော ချောင်အင်ဟောင် ကိုတွေ့လိုက်သည်။

တစ်ချက်သာကြည်မိသော်လည်း ချောင်အင်ဟောင် ၏ အဝတ်အချည်းနှီး ရှိသော ခန္ဓာကိုယ်နှင့် နူးညံသော အဖြူရောင် အသားရေပေါ်ရှိ အနမ်းအမှတ်အသား ကို ရှင်းရှင်းလင်းလင်း မြင်လိုက် ရသည်။ညက ချောင်အင်ဟောင် သည် သူ၏ လက်မောင်း ထဲတိုးဝင်ကာ ပွေ့ဖက်နမ်းရှုပ် သည် မြင်ကွင်းများကို ပြန်အမှတ် ရလာသည်။

လူဂျင်နန် သည် ပတ်ပတ်လည်သို့ ကြည့်လိုက်သည်။အိပ်ယာသည် ရှုပ်ထွေးနေပြီး ယောကျာ်လေး နှင့် မိန်းကလေး အဝတ်အစားများ ပတ်ပတ်လည် ပျံကျဲနေသည်။အိပ်ယာပေါ်တွင်လည်း သေးငယ်သော အနီကွက်ကို တွေ့လိုက်သည်။

လူဂျင်နန် သည် ညကအရက်အလွန်အကျွှံ သောက်သုံးခြင်း ကြောင့် ခေါင်းကိုက်လာသည်။သို့သော် ထိုခေါင်းကိုက်ခြင်းက သူ၏အတွေးဖြစ်စဉ်များ ကို မတားဆီးနိုင်ပါ၊တစ်စက္ကန့် လောက်အကြာတွင် ညကသူတို့နှစ်ဉီး ဖြစ်ပျက်ခဲ့ရာများကို သဘောပေါက်ခဲ့သည်။

ဖြစ်ပျက်ခဲ့ရာများသည် အိမ်မက် မဟုတ်ဘူး ၊ အားလုံး အမှန်တကယ် ဖြစ်ပျက်ခဲ့ သည်။

လူဂျင်နန် သည် စောင် ကို ဆွဲဖယ်လိုက်ပြီး မျက်မှောင်ကြုံလိုက် သည်။နောက်တစ်စက္ကန့် အကြာတွင် မျက်နှာတွင် အမျက်ဒေါသတို့နှင့် ဖုံးလွှမ်းလာပြီး ရေချိုးခန်း ဆီသို့ ချီတတ်သွားသည်။

ချောင်အင်ဟောင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရေချိုးခန်း တံခါးကို ပိတ်လိုက်သည်။သူမသည် မနေ့ညက အရက်အလွန်အကျွံသောက်ခဲ့ပြီး အမူးလွန်ကာ လူဂျင်နန်၏ လက်မောင်းထဲသို့ တိုးဝင်မိခဲ့သည်။သူမသည် အိမ်မက်မက်နေသည်ဟု ထင်မက်ကာ လူဂျင်နန်အား ရဲရင့်စွာနမ်းခဲ့သည်။ဖြစ်ပျက်နေသည်များသည် အိမ်မက်မဟုတ်မှန်း တစ်ခါမှမတွေးမိပါ။

ချောင်အင်ဟောင်နှင့် လူဂျင်နန်တို့သည် လက်ထပ်ပြီး နှစ်လခန့်ကြာမြင့်ခဲ့သည်။သို့သော်၎င်းသည် ချစ်ခြင်းမေတ္တာကြောင့် လက်ထပ်ထိမ်းမြားခဲ့ခြင်းမဟုတ်ဘဲ လူများကြားတွင်လည်း သူတို့နှစ်ဉီး ၏ အပြန်အလှန် ဆက်စပ်မှုကိုလည်း မသိရှိကြပါ။လက်ထပ်ပြီး နှစ်ပတ်ကြာသည်အထိ နားလည်မှု မရှိဘဲ အချင်းချင်း ရှောင်ကြဉ်ခဲ့ကြသည်။အိမ်မှထွက်ခွာ သောအခါ တစ်ယောက်ကိုတစ်ယောက် တစ်စိမ်းများ အဖြစ်မှတ်ယူခဲ့ကြသည်။ ယခုမူကား သူတို့ နှစ်ဉီး၏ အပြန်အလှန် သဘောတူညီချက်ကို ချိုးဖောက်မိခဲ့ကြသည်။

သူမ မည်သို့တုန်ပြန်ရမည်နည်း။

သည်အကြောင်းကို စဉ်စားလိုက်ရုံဖြင့် သူမသည် ကြောက်ရွံ့တုန်လှုပ်လာသည်။

အချိန်ကုန်ဆုံးပြီးနောက် သူမ၏တုန်လှုပ်နေသော လက်သည် ရေပန်းဆီသို့ ရောက်ရှိလာသည်။သူမသည် ရေအေးနှင့် ချိုးတော့မည် အခိုက်တွင် ရေချိုးခန်းတံခါး ပွင့်သွားသည်။လူဂျင်နန်သည် ဒေါသတကြီး သူမနောက်မှ ဆွဲကိုင်၍လှည့်လိုက်သည်။ရှေ့သို့ရောက်သောအခါ သူမ၏လည်ပင်ကို ဆွဲကာ နံရံဘက်သို့ တွန်းပို့လိုက်သည်။

လူဂျင်နန်သည် ဒေါသတကြီး ဖြင့် သူ၏ အားကိုမထိန်းချုပ်နိုင်ဘဲ ချောင်အင်ဟောင်အား နံရံဘက်သို့ ခပ်ပြင်းပြင်း တွန်းပို့လိုက်သောအခါ သူမ၏နောက်ကျော သည် နာကျင်စွာခံစားနေရသည်။ သူမသည်အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်မိသည်။သို့သော်သူမ အသက်ရှူ ခြင်းမပြီးဆုံးမီ လူဂျင်နန်က "ချောင်အင်ဟောင်၊ ငါအရက်မူးနေချိန် ငါအိပ်ယာပေါ်တတ်ပြီး ငါ့အပေါ် အခွင့်အရေးယူလိမ့်မယ်လို့ ငါမတွေးမိခဲ့ဘူး"။


Load failed, please RETRY

Batch unlock chapters

Table of Contents

Display Options

Background

Font

Size

Chapter comments

Write a review Reading Status: C2
Fail to post. Please try again
  • Writing Quality
  • Stability of Updates
  • Story Development
  • Character Design
  • World Background

The total score 0.0

Review posted successfully! Read more reviews
Report inappropriate content
error Tip

Report abuse

Paragraph comments

Login