Download App
3.92% My Little Poplar [小白杨] / Chapter 2: 1.1

Chapter 2: 1.1

Translator: RileyXin_28

[Unicode]

သီချင်းသံကျယ်ကျယ် တောက်ပလွန်းလှသည့် မီးရောင်စုံတို့ကြား ကာလသား ကာလသမီးပျိုတို့ သူတို့ခြေလက်တွေကို အရူးအမူး လှုပ်ခါ သောင်းကျန်းနေသည့် ဒီနေရာကတော့ ဒီတလော မြို့မှာ နာမည်အကြီးဆုံးဖြစ်နေသည့် ဘားတစ်ခု...

ဘားတစ်ခုလုံး အေးစိမ့်နေအောင် အဲကွန်းဖွင့်ထားပေမဲ့ ပိုင်ရှင်းယွီမှာတော့ ပူလောင်ကာ ချွေးတစ်ပေါက်ပေါက်ကျနေလျက် ဆိုဖာထောင့်မှာ ငြိမ်ကုတ်ပြီး ထိုင်နေ၏။ သူ စိတ်ရှုပ်ရှုပ်နှင့် အင်္ကျီကြယ်သီးနှစ်လုံး ဖြုတ်လိုက်ပြီး ဝိုင်ခွက်ကို ကြွေစားပွဲပေါက် ဒုန်းဆို ချလိုက်သည်။

"ဘာဖြစ်လို့လဲ? ဘာကိစ္စရှိလို့လဲ? မင်းမျက်နှာ ကြည့်ရတာလဲ ရာသီလာနေတယ် အပြိုကြီးတွေလိုပဲ ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ" ကျို့ရှင်းက သူ့ ဂုတ်ကို ကိုင်ဖျစ်ကာ စပ်ဖြီးဖြီး ပြောသည် "မင်း မျက်စိကျတဲ့လူမရှိဘူးလား?"

"မရှိဘူး"

"ဟာကွာ...လာစမ်းပါ၊ ငါ မင်းကို နားကို မလည်နိုင်သေးဘူး၊ မင်း ခေါင်းထဲမှာ အခြား ဘယ်အကြောင်းတွေ ရှိနေနိုင်ရတာလဲ၊ မင်း သူတို့ကို မကြိုက်ရင် ငါ နောက်ထပ် ထပ်ခေါ်လာပေးမယ်။ ဒီနေ့က ငါ စီစဥ်တဲ့ပွဲလေ၊ မင်း ဘာမှ ကတ်စီးလာကုတ်နေစရာ မလိုဘူး"

ပိုင်ရှင်းယွီ သူ့လက်ကို ဆွဲဖယ်လိုက်ပြီး "ဘယ်သူက ကတ်စီးကုတ်နေလို့လဲ၊ ငါ တကယ် ဝယ်သာ မကောင်းတာ"

ကျို့ရှင်းက သူ့ပေါင်ကို ရိုက်ပြီး မေးသည် "ဘာဖြစ်လို့လဲ?"

ပိုင်ရှင်းယွီ သူ့ရဲ့ အသစ်ဆိုးထားသည့် မြေပဲဆံတောင့်ရောင် ငှက်သိုက်ဆံပင်ကို ဆောင့်ဆွဲကာ

"ငါ ဟိုနေ့က ငါ့အစ်ကိုနဲ့ ပတ်ပင်းတိုးလို့"

"မင်းအစ်ကို? ဘယ်အစ်ကိုလဲ? ကျန်းဆွေယင်း?"

"အင်း"

ကျို့ရှင်းက အံကျိတ်ကာ "ကျစ်၊ သူ မင်းကို ရိုက်ပြန်ပြီလား?"

"မဟုတ်ဘူး၊ ဒါပေမဲ့ သူ ငါ့ကို သေချာပေါက် ရိုက်ချင်နေလောက်မှာပဲ။ ငါက ကားထဲရောက်နေတာ၊ တစ်ခါတည်း မောင်းပြေးလာခဲ့တယ်"

"မင်း သူ့ကို ဘာ သွားဆွပြန်ပြီလဲ? ဒါပေမဲ့ အဲ့ မင်းအစ်ကိုက တော်တော် ကြမ်းကြမ်းတမ်းတမ်းနိုင်တဲ့ဟာ၊ အမှန်အတိုင်းပြောရရင် ငါ သူ့ကို သေးသေးလေး ကြောက်တယ်"

ကျို့ရှင်းရဲ့ ကျန်းဆွေယင်းအပေါ် သွားပုတ်လေလွင့် မှတ်ချက်ပြုလာတဲ့ စကားတို့ကို ပိုင်ရှင်းယွီ သိပ်မကျေနပ်၊ ဒါပေမဲ့ ကျို့ရှင်း ပြောတာတွေက မှန်နေတာကြောင့် သူမှာ ပြန်ပြောစရာ စကားမရှိ။ သူ ထိုအကြောင်း တွေးကြည့်ပြီး ပြောလိုက်သည်

"တကယ်တော့ သူ ငါ့အပေါ် တော်တော်လေး ကောင်းပါတယ်..."

ကျို့ရှင်းက သူ့နောက်ကျောကို ပုတ်ပြီး ပြောသည် "မင်းက အနိုင်ကျင့်ခံရတာကို အသားကျနေတာ"

ပိုင်ရှင်းယွီ ဝိုင်တစ်ငုံ သောက်လိုက်ပြီးနောက် ပြောသည်

"တော်ပြီ ရပြီ၊ မင်းတို့ကောင်တွေ ပျော်ကြ၊ ငါ အိမ်ပြန်တော့မယ်"

"ဟေ့? မင်း တကယ် ပြန်ပြီလား? အချိန် ဘယ်လောက်ရှိသေးလို့လဲ"

ပိုင်ရှင်းယွီ သူ့ကို ပိတ်ကန်လိုက်ပြီး ပြောသည် "ငါ မင်းကို နောက်မှ လာသတ်မယ်"။ ပြီးတာနှင့် သူ ကားသော့ရယ် ပိုက်ဆံအိတ်ရယ် ကောက်ဆွဲပြီး အပြင် ထွက်လာခဲ့တော့သည်။

ဘားအပြင်ဘက်မှာ လေကတော့ တိုက်နေပါရဲ့ သေလောက်အောင် ပူနေဆဲ၊ သူ့တစ်ကိုယ်လုံး စီးထိုင်းထိုင်း ဖြစ်လာပြီး မူးဝေနောက်ကျိလာသည်။ သူ ကားပါကင်ဆီ လျှောက်သွားပြီး ကားထဲ ဝင်ထိုင်လိုက်သည်။ ထို့နောက် အဲကွန်းကို အဆုံးမှတ်ထိထားဖွင့်ကာ ထိုင်ခုံနောက်မှီကို မှီထိုင်လိုက်ပြီး သက်ပျင်းရှည်ကြီး ချမိသည်။

သူ့အစ်ကိုနှင့် တွေ့ခဲ့တဲ့နေ့ကတည်းကစလို့ အခုထိ သူ့ရင်ထဲ လေးနေရသည်။ သူ့အစ်ကိုရဲ့ ခက်ထန်တင်းမာနေသည့် မျက်နှာကြီးကို ပြန်အတွေးဖော်မိကာ ခြေတွေလက်တွေ ကတုန်ကယင်ဖြစ်လာသည်။

ကျန်းဆွေယင်းဆိုတာ သူ့အမေ့ အစ်မရဲ့ တစ်ဦးတည်းသောသား သူ့အစ်ကို တစ်ဝမ်းကွဲဖြစ်သည်။ အားရီဘဝက မလှပခဲ့၊ နောက်မှပေါက်တဲ့ ရွှေကြာ မယားငယ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ သူ့အစ်ကို အသက်ဆယ်နှစ်မှာ သူ့အမေက ကောကို လောကကြီးမှာ တစ်ယောက်တည်း ထားရစ်ခဲ့သည်။

မာမားက ကောကို အရမ်းချစ်တာကြောင့် သားတစ်ယောက်လို နွေးနွေးထွေးထွေး ဂရုစိုက် စောင့်ရှောက်ခဲ့သည်။ တကယ့်ကို ထူးထူးချွန်ချွန် ထက်ထက်မြတ်မြတ် အရွယ်ရောက်လာခဲ့တဲ့ သူ့အစ်ကိုက သူ့ကို ပြန်ပြီး ဂရုစိုက် စောင့်ရှောက်ပေးသည်၊ သူ့ကို ဟိုးငယ်ငယ်ကတည်းကနေ အခုထိ ကလေးတစ်ယောက်လို ဆူငေါက်ရိုက်နှက်နေပေမဲ့ မုန့်ဖိုး အမြဲ ပေးသည်၊ ငယ်ငယ်ကဆိုလည်း သူ့ဘက်ကနေ အခြားလူတွေကို ရန်ကူဖြစ်ပေးသည်။

ကောက သူ့အပေါ် တကယ်ကို ကောင်းသည်။ ဒါပေမဲ့ သူ သူ့အစ်ကိုကို ငယ်ငယ်ကတည်းက ကြောက်ခဲ့ရသည်၊ ပုံမှန်ဆို သူ့မိဘတွေက သူ့ကို ထိန်းလို့မရတော့ရင် သူ့အစ်ကိုလက်ထဲ လွှဲလိုက်သည်။ ကောရှေ့ရောက်တာနှင့် သူ့အချိုးတွေ ပြင်ရပြီ။ ဘယ်လိုမှ ဆက်ဆိုးလို့မရတော့ သူ တကယ်ကို ကြောက်ရသည်။ ကော သူ့ကို တစ်ချက် စိုက်ကြည့်လိုက်တာနှင့် ထို အကြည့်ကတင် သူ့ကို ပါးတစ်ချက် လွှဲရိုက်လာသလိုပင်။

အဲ့လို တုတ်တုတ်မလှုပ်ရဲအောင် ကြောက်ရတာကိုတောင် သူ လွန်ခဲ့တဲ့ ခြောက်လက ဘယ်လိုဖြစ်ပြီးများ သူ့အစ်ကိုကို တစ်ပတ်ရိုက်ရဲခဲ့မိသည်မသိ။

လွန်ခဲ့တဲ့ ခြောက်လက ဘာဖြစ်ခဲ့တယ်ဆိုတာကို တွေးကြည့်ပြီး ပိုင်ရှင်းယွီ တော်တော်လေး စိတ်မသက်မသာဖြစ်ရသည်။ သူ စတီယာတိုင်ကို ကိုင်ပြီး ခေါင်းနှင့် အကြိမ်ကြိမ် ဆောင့်တော့ ဟွန်းသံ တပွမ်ပွမ် ထမြည်တော့သည်။

သူ လောင်းကစားလုပ်မိပြီး ငွေတိုးကြီးကြီးယူတဲ့ အကြွေးရှင်ဆီမှာ ယွမ်သုံးသန်း အကြွေးတင်နေသည်။ သူ့အဖေကို ပြောပြဖို့ကျ အရမ်း ကြောက်တာကြောင့် သူ သူ့အစ်ကိုဆီသွားပြီး ပိုက်ဆံချေးခဲ့သည်။ သူ့အစ်ကိုက ကြားတော့ စိတ်တိုသွားပြီး သူ့ကို ဘယ်တော့မှ ခေါင်းထဲထည့် ဂရုစိုက်တော့မှာမဟုတ်ဟု ပြောကာ ကန်ထုတ်လေ၏။

သူ တကယ့်ကို သေချင်စိတ်ပေါက်နေတဲ့အချိန် သူ့အစ်ကိုရဲ့ အဖေတူ မအေကွဲညီ၊ ထို မယားငယ်ရဲ့သားက သူ့ကို ချဥ်းကပ်လာပြီး သူ ကူညီနိုင်ကြောင်းပြောလာ၏။ သူလည်း စိတ်ယိုင်သွားပြီး သူနှင့် ထိုကောင်လေးတို့ပေါင်းကြံကာ သူ့အစ်ကိုရဲ့ အိမ်သုံးအိမ်ကို တစ်ပိတ်ရိုက်လိမ်ယူပြီး ရောင်းစားပစ်ခဲ့သည်။ ရတဲ့ငွေနှင့် သူ အကြွေးဆပ်လိုက်သည်။

လက်လွန်ပြီးကာမှ သူ နောင်တ အကြီးအကျယ်ရကာ မလုံမလဲဖြစ်ကာ ကြောက်နေမိတာကြောင့် သြစတြေးလျမှာရှိတဲ့ သူ့အဒေါ်ဆီ ခြောက်လလောက် သွားပြီး စတေးရှောင်နေခဲ့သည်။

ဒါပေမဲ့ ထို ဖင်ခေါင်းကျယ်တဲ့နိုင်ငံမှာ သူ ပြောတတ်သည့်စကားက ငှက်ဘာသာစကားသာသာ၊ သူငယ်ချင်း အပေါင်းအသင်းကလည်း မရှိနှင့် တစ်နေ့တစ်နေ့ သူ့အဒေါ်ရဲ့ စံအိမ်ကြီးမှာပဲ အချိန်ဖြုန်းနေဖြစ်သည်။ ကြာတော့ လူက ရူးချင်ချင်ဖြစ်လာပြီး နောက်ဆုံး သူ ဒီပဲ ပြန်လာခဲ့တော့၏။

ပြန်ရောက်ပြီးတော့လည်း ကောကို ဘာစကားမှ သွားမပြောရဲသေးတာကြောင့် ပြန်ရောက်ပြီဖြစ်ကြောင်း အသိမပေးရသေး။ နောက် ရက်အနည်းငယ်အကြာ၊ သူ့ ဆော်အသစ်ကလေးကို သွားကြိုတုန်း ကားပါကင်မှာ သူ့အစ်ကိုနှင့် ပက်ပင်းတိုးခဲ့သည်။ သူ အရမ်းကြောက်ပြီး ထွက်ပြေးလာခဲ့တော့၏။ အခုတောင် သူ့အစ်ကို သူ့ကို အော်ဆဲနေတဲ့ပုံကြီး ပြန်တွေးကြည့်ရင်း လန့်ကြောက်လာရပြန်သည်။

သူတော့ သွားပြီထင်သည်၊ တကယ် ဖင်ကျိန်းနေပြီ။ သူ့အစ်ကို သူ့ကို တစ်ခုခုလုပ်တော့မည်...

အရမ်းကြောက်လို့ အိမ်ပင် မပြန်ရဲ။ ကောက သူ့ကို အခုထိ ခေါ်မတွေ့သေး၊ သူ့မိဘတွေလည်း သူ့ကို ဆက်သွယ်မလာသေးပေမဲ့ မုန်တိုင်းကတော့ ပတ်မွှေနေလောက်ပြီ...

သူ သူ့အစ်ကိုရဲ့ ဉာဏ်ရောင်စုံ လှည့်ကွက်တွေအကြောင်း တွေးကြည့်ပြီး သွက်သွက်ခါ ဖိမ့်ဖိမ့်တုန်လာ၏။ တွေးပူရလွန်းလို့ သေတော့မည်။

သူ ကားထဲမှာ ရှိနေတာ တစ်နာရီနီးနီး...အမူးပြေသလောက်လဲရှိပြီ။ သူ တွေးကြည့်ကြည့်သည်...

လက်ထဲမှာ မုန့်ဖိုးလည်း များများစားစားမကျန်တော့။ အနှေးနဲ့ အမြန် အိမ်ပြန်ရမှာပင်၊ အိမ်မှာ ရှိနေတာကသာ သူ့အတွက် အကောင်းဆုံးဖြစ်လောက်မည်။ သူ့အစ်ကို သူ့အခန်းတံခါးဝထိ ရောက်လာရင်တောင် အနည်းဆုံးတော့ သူ့မိဘတွေ မျက်နှာနှင့် သူ့ကို အသေသတ်လိမ့်မည်မဟုတ်၊ အိမ်မှာ မိသွားရင်က မသေမရှင်လောက်နှင့်တင် ကိစ္စပြီးမည်...

သခင်လေးပိုင် သူ့ ရွှေဉာဏ်တော် စူးရောက်မှုကြီးကို အကျေနပ်ကြီး ကျေနပ်သွားပြီး ကားစက်နိုးကာ အိမ်သို့ ဦးတည်ခဲ့တော့၏။

အချိန်ကား ည တစ်နာရီကျော်...

ပိုင်ရှင်းယွီ ကားဂိုထောင်မှာ ကားထားပြီးနောက် အိမ်တံခါးဖွင့်ပြီး မှောင်မှောင်မည်းမည်းကို မီးမဖွင့်ဘဲ ခြေဖွဖွလျှောက်ကာ လှေကားတက်သွားလိုက်သည်။ အဲ့အချိန် ဧည့်ခန်းမီးက ရုတ်တရက်ပွင့်လာ၏။ ပိုင်ရှင်းယွီ ကြက်သေသေသွားပြီး နောက်လှည့်ကြည့်လိုက်ပါတော့ မျက်နှာတည်ကြီးတွေနှင့် ဆိုဖာမှာ ထိုင်နေကြသည့် သူ့မိဘတွေကို တွေ့လိုက်ရ၏။

ပိုင်ရှင်းယွီ့ နှလုံးသားလေး အေးတောင့်သွားရ၏။ သူ ဧည့်ခန်းကျယ်ကြီးကို ဝေ့ကြည့်လိုက်တော့ သူ့အစ်ကိုရှိနေသည့် အရိပ်အယောင် မတွေ့ရ၊ သို့ပေသည့် သူ စိတ်မအေးနိုင်သေး...

သူ ပြန်ရောက်တာ ရက်ပိုင်းပဲ ရှိသေးသည်၊ သူ့အမေဆို အလွမ်းသည်လို့ပင် မဝသေးတာ အခုလို မျက်နှာတည်ကြီးတွေနှင့် အနေအထား ရုတ်တရက် အေးတိအေးစက် ဖြစ်သွားစရာ အကြောင်းမရှိ။ ဟင့်အင်း...သွားပြီ၊ သူ့အစ်ကို သူ့မိဘတွေကို လာတွေ့သွားတာကြောင့်ပဲဖြစ်မည်။ သူ ကြောက်ကြောက်လန့်လန့် ရင် တဒိတ်ဒိတ်နှင့် မေးလိုက်သည်

"ဟဲ..ပါပါး၊ မာမား...ဒီအချိန်ရှိပြီ ဘာလို့ မအိပ်ကြသေးတာလဲ၊ မီးလည်း မဖွင့်ကြဘူး. . ."

ပိုင်ချင့်မင်က ဆိုဖာကို လက်ညှိုးထိုးကာ ပြောသည် "ဒီမှာ လာထိုင်"

ပိုင်ရှင်းယွီ့ ခြေထောက်တွေ အနည်းငယ် ပျော့ခွေသွားပြီး တိုးတိုးလေး မေးလိုက်သည် "ပါး...ဘာဖြစ်လို့လဲ?"

"ဒီကို လာခဲ့လို့!"

ပိုင်ရှင်းယွီ သူ့အမေကို အကူအညီတောင်းဖို့ အားကိုးတကြီး လှမ်းကြည့်လိုက်တော့ သူ့အမေက တစ်ဖက်ကို လှည့်သွား၏။ သူ တံတွေးမျိုချပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။

ပိုင်ချင့်မင်က သူ့ကို စိတ်ဆိုးတကြီး ကြည့်ပြီး "ငါ့ကိုပြော၊ မင်း လောင်းကစား ထပ်လုပ်ဖို့ ပြန်လာတာမလား?"

ပိုင်ရှင်းယွီ အော်ပြောသည် "ဟင့်အင်း ပါးကလည်း ကျွန်တော် ပြန်ရောက်တာ ရက်ပိုင်းပဲရှိသေးတာ၊ ကျွန်တော် မသွားပါဘူး"

သူ ဒီတစ်ခါ လိမ်ပြောတာမဟုတ်။ ဒါပေမဲ့ သူ မသွားတာက သိတတ်စွာနှင့် သူ့ကိုယ်သူ ထိန်းချုပ်ထားတာမျိုးမဟုတ်၊ ပိုက်ဆံမရှိတာကြောင့်သာ။ ဒီနောက်ပိုင်း သူ့အဖေက သူ့ကို အရမ်း စည်းကမ်း တင်းကျပ်လာသည်။ သူ လောင်းကစား ဆက်လုပ်ချင်ရင်တောင် သွားဖို့မဖြစ်နိုင်။

ကံဆိုးစွာဘဲ သူ လိမ်ခဲ့တာတွေ များလွန်းတာကြောင့် သူ့အဖေက သူ့ကို မယုံကြည်တော့။ ပိုင်ချင့်မင်က စားပွဲကို ဖြန်းကနဲ ရိုက်ချလိုက်ပြီး

"ဆွေ့ယင်း ဒီနေ့ အိမ်ကို လာသွားတယ်။ မင်းက သြစတြေးလျသွားနေပြီး ပြန်သာရောက်လာတယ် ဘာအသိတရားမှ မပါလာဘူး အမှတ်ကိုမရှိသေးတာတဲ့။ မင်း အဲ့မှာ ကျို့ရှင်းတို့ လူပျင်းလူတေတစ်သိုက်နဲ့ ပေါင်းနေ အလေလိုက်နေ လောင်းကစားလုပ် ဖာချနေ၊ ဟမ်... အခု မင်းကိုယ်မင်း ကြည့်စမ်း! အခု မင်းကိုယ်မင်း ကြည့်ကြည့်စမ်း! ဆံပင်ကလည်း ဆေးဆိုးထားတာ ဝါကျင့်ကျင့်နဲ့ ကျက်သရေကို မရှိဘူး!"

ပိုင်ရှင်းယွီ သုန်သုန်မာန်မာန်နှင့် ကြည့်ပြီး ပြောသည်

"ပါပါး...ကောက ပါးတို့ကို ဘာပြောလိုက်လို့လဲ? ပါးတို့ ဒီနေ့ ဘာဖြစ်နေတာလဲ...ကျွန်တော်တို့တွေ တစ်နေကုန် အဆင်ပြေပြေ ရှိနေတာလေ..."

သူ့အစ်ကို ဒီနေ့ လေပြင်းမုန်တိုင်း လာတိုက်သွားမှန်း သူသိသည်။ သူ့အစ်ကို စနက်ကြောင့်သာမဟုတ်ရင် သူ့အဖေ့မျက်နှာက အခုလောက် မြန်မြန် ပြောင်းလဲသွားစရာ အကြောင်းမရှိ။ သူ့မိဘတွေက သူ့အစ်ကိုစကား နားအထောင်ဆုံး၊ ကောက သူတို့မိသားစုဆိုင်နေသည့် လုပ်ငန်းတွေရဲ့ အဓိက ပိုင်ရှင်လည်းဖြစ်၊ စီးပွားရေးလောကမှာ ကျဥ်ကျဥ်လည်လည်ရှိနေတဲ့လူဆိုတော့ သူ့အမြင်နှင့် သုံးသပ်ပြီးပြောလာတဲ့ စကားတစ်ခွန်းရဲ့ သက်ရောက်မှုက မသေးလှ။ ထို့ကြောင့်ပဲ သူ သူ့အစ်ကိုကို ကြောက်တာဖြစ်သည်။ သူရယ် လင်းလေးရယ် ပေါင်းကြံတဲ့ကိစ္စကို ကော သူ့မိဘတွေကို ပြောပြသွားသေးလားဆိုတာကို ပူနေရသည်။

ပြောသာပြောပြလိုက်ရင် သူ့အဖေ သူ့ကို သတ်မှာ...

ပိုင်ချင့်မင်က အသက်ပြင်းပြင်းရှူပြီး ပြောသည်

"မင်း တစ်ချိန်လုံးလိမ်နေတာ ဒီမိသားစုမှာ မင်းကို ဘယ်သူများ ယုံကြည်ဦးမှာလဲ? ဆွေ့ယင်းက မင်းအတွက် စိတ်ပူတာကြောင့် မင်း အပြင်မှာ ဘယ်လိုရှိနေတယ်ဆိုတာကို ငါတို့ကို ပြောပြတာ။ မဟုတ်ရင် သူ့လို လုပ်ငန်းတွေဦးစီးနေတဲ့ သူဌေးကြီးက မင်းချီးပေါက်သမျှ တစ်ချိန်လုံး လိုက်ဂရုစိုက်ပေးနေမလား?"

ပိုင်ရှင်းယွီ စိတ်သက်သာသွားသည်။ ကြည့်ရတာ ကော သူတို့ကို အဆိုးဆုံးကိစ္စကိုတော့ ပြောမသွားပုံရသည်။ ဒါပေမဲ့ သူ နည်းနည်း တော့ မကောင်းတဲ့ ခံစားချက်တွေ ရနေသေးသည်။ သူ့ကို ကူညီပေးဖို့ သူ့အမေကို မသိသာလေး နောက်တစ်ကြိမ် မျက်စပစ်ပြလိုက်သည်။

လီဝေ့ဇီက သူ့ယောက်ျားကို တံတောင်ဖြင့်တွတ်ပြီး သက်ပျင်းချကာ

"ပြောစရာရှိတာကိုပဲ တစ်ခါတည်း ပြောလိုက်ပါ"

____///____

Translator : RileyXin_28

[Zawgyi]

သီခ်င္းသံက်ယ္က်ယ္ ေတာက္ပလြန္းလွသည့္ မီးေရာင္စုံတို႔ၾကား ကာလသား ကာလသမီးပ်ိဳတို႔ သူတို႔ေျခလက္ေတြကို အ႐ူးအမူး လွုပ္ခါ ေသာင္းက်န္းေနသည့္ ဒီေနရာကေတာ့ ဒီတေလာ ၿမိဳ႕မွာ နာမည္အႀကီးဆုံးျဖစ္ေနသည့္ ဘားတစ္ခု...

ဘားတစ္ခုလုံး ေအးစိမ့္ေနေအာင္ အဲကြန္းဖြင့္ထားေပမဲ့ ပိုင္ရွင္းယြီမွာေတာ့ ပူေလာင္ကာ ေခၽြးတစ္ေပါက္ေပါက္က်ေနလ်က္ ဆိုဖာေထာင့္မွာ ၿငိမ္ကုတ္ၿပီး ထိုင္ေန၏။ သူ စိတ္ရွုပ္ရွုပ္ႏွင့္ အကၤ်ီၾကယ္သီးႏွစ္လုံး ျဖဳတ္လိုက္ၿပီး ဝိုင္ခြက္ကို ေႂကြစားပြဲေပါက္ ဒုန္းဆို ခ်လိုက္သည္။

"ဘာျဖစ္လို႔လဲ? ဘာကိစၥရွိလို႔လဲ? မင္းမ်က္ႏွာ ၾကည့္ရတာလဲ ရာသီလာေနတယ္ အၿပိဳႀကီးေတြလိုပဲ ဘာေတြ မေက်မနပ္ျဖစ္ေနတာလဲ" က်ိဳ႕ရွင္းက သူ႔ ဂုတ္ကို ကိုင္ဖ်စ္ကာ စပ္ၿဖီးၿဖီး ေျပာသည္ "မင္း မ်က္စိက်တဲ့လူမရွိဘူးလား?"

"မရွိဘူး"

"ဟာကြာ...လာစမ္းပါ၊ ငါ မင္းကို နားကို မလည္နိုင္ေသးဘူး၊ မင္း ေခါင္းထဲမွာ အျခား ဘယ္အေၾကာင္းေတြ ရွိေနနိုင္ရတာလဲ၊ မင္း သူတို႔ကို မႀကိဳက္ရင္ ငါ ေနာက္ထပ္ ထပ္ေခၚလာေပးမယ္။ ဒီေန႔က ငါ စီစဥ္တဲ့ပြဲေလ၊ မင္း ဘာမွ ကတ္စီးလာကုတ္ေနစရာ မလိုဘူး"

ပိုင္ရွင္းယြီ သူ႔လက္ကို ဆြဲဖယ္လိုက္ၿပီး "ဘယ္သူက ကတ္စီးကုတ္ေနလို႔လဲ၊ ငါ တကယ္ ဝယ္သာ မေကာင္းတာ"

က်ိဳ႕ရွင္းက သူ႔ေပါင္ကို ရိုက္ၿပီး ေမးသည္ "ဘာျဖစ္လို႔လဲ?"

ပိုင္ရွင္းယြီ သူ႔ရဲ့ အသစ္ဆိုးထားသည့္ ေျမပဲဆံေတာင့္ေရာင္ ငွက္သိုက္ဆံပင္ကို ေဆာင့္ဆြဲကာ

"ငါ ဟိုေန႔က ငါ့အစ္ကိုနဲ႔ ပတ္ပင္းတိုးလို႔"

"မင္းအစ္ကို? ဘယ္အစ္ကိုလဲ? က်န္းေဆြယင္း?"

"အင္း"

က်ိဳ႕ရွင္းက အံက်ိတ္ကာ "က်စ္၊ သူ မင္းကို ရိုက္ျပန္ၿပီလား?"

"မဟုတ္ဘူး၊ ဒါေပမဲ့ သူ ငါ့ကို ေသခ်ာေပါက္ ရိုက္ခ်င္ေနေလာက္မွာပဲ။ ငါက ကားထဲေရာက္ေနတာ၊ တစ္ခါတည္း ေမာင္းေျပးလာခဲ့တယ္"

"မင္း သူ႔ကို ဘာ သြားဆြျပန္ၿပီလဲ? ဒါေပမဲ့ အဲ့ မင္းအစ္ကိုက ေတာ္ေတာ္ ၾကမ္းၾကမ္းတမ္းတမ္းနိုင္တဲ့ဟာ၊ အမွန္အတိုင္းေျပာရရင္ ငါ သူ႔ကို ေသးေသးေလး ေၾကာက္တယ္"

က်ိဳ႕ရွင္းရဲ့ က်န္းေဆြယင္းအေပၚ သြားပုတ္ေလလြင့္ မွတ္ခ်က္ျပဳလာတဲ့ စကားတို႔ကို ပိုင္ရွင္းယြီ သိပ္မေက်နပ္၊ ဒါေပမဲ့ က်ိဳ႕ရွင္း ေျပာတာေတြက မွန္ေနတာေၾကာင့္ သူမွာ ျပန္ေျပာစရာ စကားမရွိ။ သူ ထိုအေၾကာင္း ေတြးၾကည့္ၿပီး ေျပာလိုက္သည္

"တကယ္ေတာ့ သူ ငါ့အေပၚ ေတာ္ေတာ္ေလး ေကာင္းပါတယ္..."

က်ိဳ႕ရွင္းက သူ႔ေနာက္ေက်ာကို ပုတ္ၿပီး ေျပာသည္ "မင္းက အနိုင္က်င့္ခံရတာကို အသားက်ေနတာ"

ပိုင္ရွင္းယြီ ဝိုင္တစ္ငုံ ေသာက္လိုက္ၿပီးေနာက္ ေျပာသည္

"ေတာ္ၿပီ ရၿပီ၊ မင္းတို႔ေကာင္ေတြ ေပ်ာ္ၾက၊ ငါ အိမ္ျပန္ေတာ့မယ္"

"ေဟ့? မင္း တကယ္ ျပန္ၿပီလား? အခ်ိန္ ဘယ္ေလာက္ရွိေသးလို႔လဲ"

ပိုင္ရွင္းယြီ သူ႔ကို ပိတ္ကန္လိုက္ၿပီး ေျပာသည္ "ငါ မင္းကို ေနာက္မွ လာသတ္မယ္"။ ၿပီးတာႏွင့္ သူ ကားေသာ့ရယ္ ပိုက္ဆံအိတ္ရယ္ ေကာက္ဆြဲၿပီး အျပင္ ထြက္လာခဲ့ေတာ့သည္။

ဘားအျပင္ဘက္မွာ ေလကေတာ့ တိုက္ေနပါရဲ့ ေသေလာက္ေအာင္ ပူေနဆဲ၊ သူ႔တစ္ကိုယ္လုံး စီးထိုင္းထိုင္း ျဖစ္လာၿပီး မူးေဝေနာက္က်ိလာသည္။ သူ ကားပါကင္ဆီ ေလၽွာက္သြားၿပီး ကားထဲ ဝင္ထိုင္လိုက္သည္။ ထို႔ေနာက္ အဲကြန္းကို အဆုံးမွတ္ထိထားဖြင့္ကာ ထိုင္ခုံေနာက္မွီကို မွီထိုင္လိုက္ၿပီး သက္ပ်င္းရွည္ႀကီး ခ်မိသည္။

သူ႔အစ္ကိုႏွင့္ ေတြ႕ခဲ့တဲ့ေန႔ကတည္းကစလို႔ အခုထိ သူ႔ရင္ထဲ ေလးေနရသည္။ သူ႔အစ္ကိုရဲ့ ခက္ထန္တင္းမာေနသည့္ မ်က္ႏွာႀကီးကို ျပန္အေတြးေဖာ္မိကာ ေျခေတြလက္ေတြ ကတုန္ကယင္ျဖစ္လာသည္။

က်န္းေဆြယင္းဆိုတာ သူ႔အေမ့ အစ္မရဲ့ တစ္ဦးတည္းေသာသား သူ႔အစ္ကို တစ္ဝမ္းကြဲျဖစ္သည္။ အားရီဘဝက မလွပခဲ့၊ ေနာက္မွေပါက္တဲ့ ေရႊၾကာ မယားငယ္ေၾကာင့္ အသက္ဆုံးရွုံးခဲ့ရသည္။ သူ႔အစ္ကို အသက္ဆယ္ႏွစ္မွာ သူ႔အေမက ေကာကို ေလာကႀကီးမွာ တစ္ေယာက္တည္း ထားရစ္ခဲ့သည္။

မာမားက ေကာကို အရမ္းခ်စ္တာေၾကာင့္ သားတစ္ေယာက္လို ေႏြးေႏြးေထြးေထြး ဂ႐ုစိုက္ ေစာင့္ေရွာက္ခဲ့သည္။ တကယ့္ကို ထူးထူးခၽြန္ခၽြန္ ထက္ထက္ျမတ္ျမတ္ အရြယ္ေရာက္လာခဲ့တဲ့ သူ႔အစ္ကိုက သူ႔ကို ျပန္ၿပီး ဂ႐ုစိုက္ ေစာင့္ေရွာက္ေပးသည္၊ သူ႔ကို ဟိုးငယ္ငယ္ကတည္းကေန အခုထိ ကေလးတစ္ေယာက္လို ဆူေငါက္ရိုက္ႏွက္ေနေပမဲ့ မုန့္ဖိုး အျမဲ ေပးသည္၊ ငယ္ငယ္ကဆိုလည္း သူ႔ဘက္ကေန အျခားလူေတြကို ရန္ကူျဖစ္ေပးသည္။

ေကာက သူ႔အေပၚ တကယ္ကို ေကာင္းသည္။ ဒါေပမဲ့ သူ သူ႔အစ္ကိုကို ငယ္ငယ္ကတည္းက ေၾကာက္ခဲ့ရသည္၊ ပုံမွန္ဆို သူ႔မိဘေတြက သူ႔ကို ထိန္းလို႔မရေတာ့ရင္ သူ႔အစ္ကိုလက္ထဲ လႊဲလိုက္သည္။ ေကာေရွ႕ေရာက္တာႏွင့္ သူ႔အခ်ိဳးေတြ ျပင္ရၿပီ။ ဘယ္လိုမွ ဆက္ဆိုးလို႔မရေတာ့ သူ တကယ္ကို ေၾကာက္ရသည္။ ေကာ သူ႔ကို တစ္ခ်က္ စိုက္ၾကည့္လိုက္တာႏွင့္ ထို အၾကည့္ကတင္ သူ႔ကို ပါးတစ္ခ်က္ လႊဲရိုက္လာသလိုပင္။

အဲ့လို တုတ္တုတ္မလွုပ္ရဲေအာင္ ေၾကာက္ရတာကိုေတာင္ သူ လြန္ခဲ့တဲ့ ေျခာက္လက ဘယ္လိုျဖစ္ၿပီးမ်ား သူ႔အစ္ကိုကို တစ္ပတ္ရိုက္ရဲခဲ့မိသည္မသိ။

လြန္ခဲ့တဲ့ ေျခာက္လက ဘာျဖစ္ခဲ့တယ္ဆိုတာကို ေတြးၾကည့္ၿပီး ပိုင္ရွင္းယြီ ေတာ္ေတာ္ေလး စိတ္မသက္မသာျဖစ္ရသည္။ သူ စတီယာတိုင္ကို ကိုင္ၿပီး ေခါင္းႏွင့္ အႀကိမ္ႀကိမ္ ေဆာင့္ေတာ့ ဟြန္းသံ တပြမ္ပြမ္ ထျမည္ေတာ့သည္။

သူ ေလာင္းကစားလုပ္မိၿပီး ေငြတိုးႀကီးႀကီးယူတဲ့ အေႂကြးရွင္ဆီမွာ ယြမ္သုံးသန္း အေႂကြးတင္ေနသည္။ သူ႔အေဖကို ေျပာျပဖို႔က် အရမ္း ေၾကာက္တာေၾကာင့္ သူ သူ႔အစ္ကိုဆီသြားၿပီး ပိုက္ဆံေခ်းခဲ့သည္။ သူ႔အစ္ကိုက ၾကားေတာ့ စိတ္တိုသြားၿပီး သူ႔ကို ဘယ္ေတာ့မွ ေခါင္းထဲထည့္ ဂ႐ုစိုက္ေတာ့မွာမဟုတ္ဟု ေျပာကာ ကန္ထုတ္ေလ၏။

သူ တကယ့္ကို ေသခ်င္စိတ္ေပါက္ေနတဲ့အခ်ိန္ သူ႔အစ္ကိုရဲ့ အေဖတူ မေအကြဲညီ၊ ထို မယားငယ္ရဲ့သားက သူ႔ကို ခ်ဥ္းကပ္လာၿပီး သူ ကူညီနိုင္ေၾကာင္းေျပာလာ၏။ သူလည္း စိတ္ယိုင္သြားၿပီး သူႏွင့္ ထိုေကာင္ေလးတို႔ေပါင္းႀကံကာ သူ႔အစ္ကိုရဲ့ အိမ္သုံးအိမ္ကို တစ္ပိတ္ရိုက္လိမ္ယူၿပီး ေရာင္းစားပစ္ခဲ့သည္။ ရတဲ့ေငြႏွင့္ သူ အေႂကြးဆပ္လိုက္သည္။

လက္လြန္ၿပီးကာမွ သူ ေနာင္တ အႀကီးအက်ယ္ရကာ မလုံမလဲျဖစ္ကာ ေၾကာက္ေနမိတာေၾကာင့္ ၾသစေၾတးလ်မွာရွိတဲ့ သူ႔အေဒၚဆီ ေျခာက္လေလာက္ သြားၿပီး စေတးေရွာင္ေနခဲ့သည္။

ဒါေပမဲ့ ထို ဖင္ေခါင္းက်ယ္တဲ့နိုင္ငံမွာ သူ ေျပာတတ္သည့္စကားက ငွက္ဘာသာစကားသာသာ၊ သူငယ္ခ်င္း အေပါင္းအသင္းကလည္း မရွိႏွင့္ တစ္ေန႔တစ္ေန႔ သူ႔အေဒၚရဲ့ စံအိမ္ႀကီးမွာပဲ အခ်ိန္ျဖဳန္းေနျဖစ္သည္။ ၾကာေတာ့ လူက ႐ူးခ်င္ခ်င္ျဖစ္လာၿပီး ေနာက္ဆုံး သူ ဒီပဲ ျပန္လာခဲ့ေတာ့၏။

ျပန္ေရာက္ၿပီးေတာ့လည္း ေကာကို ဘာစကားမွ သြားမေျပာရဲေသးတာေၾကာင့္ ျပန္ေရာက္ၿပီျဖစ္ေၾကာင္း အသိမေပးရေသး။ ေနာက္ ရက္အနည္းငယ္အၾကာ၊ သူ႔ ေဆာ္အသစ္ကေလးကို သြားႀကိဳတုန္း ကားပါကင္မွာ သူ႔အစ္ကိုႏွင့္ ပက္ပင္းတိုးခဲ့သည္။ သူ အရမ္းေၾကာက္ၿပီး ထြက္ေျပးလာခဲ့ေတာ့၏။ အခုေတာင္ သူ႔အစ္ကို သူ႔ကို ေအာ္ဆဲေနတဲ့ပုံႀကီး ျပန္ေတြးၾကည့္ရင္း လန့္ေၾကာက္လာရျပန္သည္။

သူေတာ့ သြားၿပီထင္သည္၊ တကယ္ ဖင္က်ိန္းေနၿပီ။ သူ႔အစ္ကို သူ႔ကို တစ္ခုခုလုပ္ေတာ့မည္...

အရမ္းေၾကာက္လို႔ အိမ္ပင္ မျပန္ရဲ။ ေကာက သူ႔ကို အခုထိ ေခၚမေတြ႕ေသး၊ သူ႔မိဘေတြလည္း သူ႔ကို ဆက္သြယ္မလာေသးေပမဲ့ မုန္တိုင္းကေတာ့ ပတ္ေမႊေနေလာက္ၿပီ...

သူ သူ႔အစ္ကိုရဲ့ ဉာဏ္ေရာင္စုံ လွည့္ကြက္ေတြအေၾကာင္း ေတြးၾကည့္ၿပီး သြက္သြက္ခါ ဖိမ့္ဖိမ့္တုန္လာ၏။ ေတြးပူရလြန္းလို႔ ေသေတာ့မည္။

သူ ကားထဲမွာ ရွိေနတာ တစ္နာရီနီးနီး...အမူးေျပသေလာက္လဲရွိၿပီ။ သူ ေတြးၾကည့္ၾကည့္သည္...

လက္ထဲမွာ မုန့္ဖိုးလည္း မ်ားမ်ားစားစားမက်န္ေတာ့။ အေႏွးနဲ႔ အျမန္ အိမ္ျပန္ရမွာပင္၊ အိမ္မွာ ရွိေနတာကသာ သူ႔အတြက္ အေကာင္းဆုံးျဖစ္ေလာက္မည္။ သူ႔အစ္ကို သူ႔အခန္းတံခါးဝထိ ေရာက္လာရင္ေတာင္ အနည္းဆုံးေတာ့ သူ႔မိဘေတြ မ်က္ႏွာႏွင့္ သူ႔ကို အေသသတ္လိမ့္မည္မဟုတ္၊ အိမ္မွာ မိသြားရင္က မေသမရွင္ေလာက္ႏွင့္တင္ ကိစၥၿပီးမည္...

သခင္ေလးပိုင္ သူ႔ ေရႊဉာဏ္ေတာ္ စူးေရာက္မွုႀကီးကို အေက်နပ္ႀကီး ေက်နပ္သြားၿပီး ကားစက္နိုးကာ အိမ္သို႔ ဦးတည္ခဲ့ေတာ့၏။

အခ်ိန္ကား ည တစ္နာရီေက်ာ္...

ပိုင္ရွင္းယြီ ကားဂိုေထာင္မွာ ကားထားၿပီးေနာက္ အိမ္တံခါးဖြင့္ၿပီး ေမွာင္ေမွာင္မည္းမည္းကို မီးမဖြင့္ဘဲ ေျခဖြဖြေလၽွာက္ကာ ေလွကားတက္သြားလိုက္သည္။ အဲ့အခ်ိန္ ဧည့္ခန္းမီးက ႐ုတ္တရက္ပြင့္လာ၏။ ပိုင္ရွင္းယြီ ၾကက္ေသေသသြားၿပီး ေနာက္လွည့္ၾကည့္လိုက္ပါေတာ့ မ်က္ႏွာတည္ႀကီးေတြႏွင့္ ဆိုဖာမွာ ထိုင္ေနၾကသည့္ သူ႔မိဘေတြကို ေတြ႕လိုက္ရ၏။

ပိုင္ရွင္းယြီ့ ႏွလုံးသားေလး ေအးေတာင့္သြားရ၏။ သူ ဧည့္ခန္းက်ယ္ႀကီးကို ေဝ့ၾကည့္လိုက္ေတာ့ သူ႔အစ္ကိုရွိေနသည့္ အရိပ္အေယာင္ မေတြ႕ရ၊ သို႔ေပသည့္ သူ စိတ္မေအးနိုင္ေသး...

သူ ျပန္ေရာက္တာ ရက္ပိုင္းပဲ ရွိေသးသည္၊ သူ႔အေမဆို အလြမ္းသည္လို႔ပင္ မဝေသးတာ အခုလို မ်က္ႏွာတည္ႀကီးေတြႏွင့္ အေနအထား ႐ုတ္တရက္ ေအးတိေအးစက္ ျဖစ္သြားစရာ အေၾကာင္းမရွိ။ ဟင့္အင္း...သြားၿပီ၊ သူ႔အစ္ကို သူ႔မိဘေတြကို လာေတြ႕သြားတာေၾကာင့္ပဲျဖစ္မည္။ သူ ေၾကာက္ေၾကာက္လန့္လန့္ ရင္ တဒိတ္ဒိတ္ႏွင့္ ေမးလိုက္သည္

"ဟဲ..ပါပါး၊ မာမား...ဒီအခ်ိန္ရွိၿပီ ဘာလို႔ မအိပ္ၾကေသးတာလဲ၊ မီးလည္း မဖြင့္ၾကဘူး. . ."

ပိုင္ခ်င့္မင္က ဆိုဖာကို လက္ညႇိုးထိုးကာ ေျပာသည္ "ဒီမွာ လာထိုင္"

ပိုင္ရွင္းယြီ့ ေျခေထာက္ေတြ အနည္းငယ္ ေပ်ာ့ေခြသြားၿပီး တိုးတိုးေလး ေမးလိုက္သည္ "ပါး...ဘာျဖစ္လို႔လဲ?"

"ဒီကို လာခဲ့လို႔!"

ပိုင္ရွင္းယြီ သူ႔အေမကို အကူအညီေတာင္းဖို႔ အားကိုးတႀကီး လွမ္းၾကည့္လိုက္ေတာ့ သူ႔အေမက တစ္ဖက္ကို လွည့္သြား၏။ သူ တံေတြးမ်ိဳခ်ၿပီး ဆိုဖာမွာ ဝင္ထိုင္လိုက္သည္။

ပိုင္ခ်င့္မင္က သူ႔ကို စိတ္ဆိုးတႀကီး ၾကည့္ၿပီး "ငါ့ကိုေျပာ၊ မင္း ေလာင္းကစား ထပ္လုပ္ဖို႔ ျပန္လာတာမလား?"

ပိုင္ရွင္းယြီ ေအာ္ေျပာသည္ "ဟင့္အင္း ပါးကလည္း ကၽြန္ေတာ္ ျပန္ေရာက္တာ ရက္ပိုင္းပဲရွိေသးတာ၊ ကၽြန္ေတာ္ မသြားပါဘူး"

သူ ဒီတစ္ခါ လိမ္ေျပာတာမဟုတ္။ ဒါေပမဲ့ သူ မသြားတာက သိတတ္စြာႏွင့္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ထားတာမ်ိဳးမဟုတ္၊ ပိုက္ဆံမရွိတာေၾကာင့္သာ။ ဒီေနာက္ပိုင္း သူ႔အေဖက သူ႔ကို အရမ္း စည္းကမ္း တင္းက်ပ္လာသည္။ သူ ေလာင္းကစား ဆက္လုပ္ခ်င္ရင္ေတာင္ သြားဖို႔မျဖစ္နိုင္။

ကံဆိုးစြာဘဲ သူ လိမ္ခဲ့တာေတြ မ်ားလြန္းတာေၾကာင့္ သူ႔အေဖက သူ႔ကို မယုံၾကည္ေတာ့။ ပိုင္ခ်င့္မင္က စားပြဲကို ျဖန္းကနဲ ရိုက္ခ်လိုက္ၿပီး

"ေဆြ႕ယင္း ဒီေန႔ အိမ္ကို လာသြားတယ္။ မင္းက ၾသစေၾတးလ်သြားေနၿပီး ျပန္သာေရာက္လာတယ္ ဘာအသိတရားမွ မပါလာဘူး အမွတ္ကိုမရွိေသးတာတဲ့။ မင္း အဲ့မွာ က်ိဳ႕ရွင္းတို႔ လူပ်င္းလူေတတစ္သိုက္နဲ႔ ေပါင္းေန အေလလိုက္ေန ေလာင္းကစားလုပ္ ဖာခ်ေန၊ ဟမ္... အခု မင္းကိုယ္မင္း ၾကည့္စမ္း! အခု မင္းကိုယ္မင္း ၾကည့္ၾကည့္စမ္း! ဆံပင္ကလည္း ေဆးဆိုးထားတာ ဝါက်င့္က်င့္နဲ႔ က်က္သေရကို မရွိဘူး!"

ပိုင္ရွင္းယြီ သုန္သုန္မာန္မာန္ႏွင့္ ၾကည့္ၿပီး ေျပာသည္

"ပါပါး...ေကာက ပါးတို႔ကို ဘာေျပာလိုက္လို႔လဲ? ပါးတို႔ ဒီေန႔ ဘာျဖစ္ေနတာလဲ...ကၽြန္ေတာ္တို႔ေတြ တစ္ေနကုန္ အဆင္ေျပေၿပ ရွိေနတာေလ..."

သူ႔အစ္ကို ဒီေန႔ ေလျပင္းမုန္တိုင္း လာတိုက္သြားမွန္း သူသိသည္။ သူ႔အစ္ကို စနက္ေၾကာင့္သာမဟုတ္ရင္ သူ႔အေဖ့မ်က္ႏွာက အခုေလာက္ ျမန္ျမန္ ေျပာင္းလဲသြားစရာ အေၾကာင္းမရွိ။ သူ႔မိဘေတြက သူ႔အစ္ကိုစကား နားအေထာင္ဆုံး၊ ေကာက သူတို႔မိသားစုဆိုင္ေနသည့္ လုပ္ငန္းေတြရဲ့ အဓိက ပိုင္ရွင္လည္းျဖစ္၊ စီးပြားေရးေလာကမွာ က်ဥ္က်ဥ္လည္လည္ရွိေနတဲ့လူဆိုေတာ့ သူ႔အျမင္ႏွင့္ သုံးသပ္ၿပီးေျပာလာတဲ့ စကားတစ္ခြန္းရဲ့ သက္ေရာက္မွုက မေသးလွ။ ထို႔ေၾကာင့္ပဲ သူ သူ႔အစ္ကိုကို ေၾကာက္တာျဖစ္သည္။ သူရယ္ လင္းေလးရယ္ ေပါင္းႀကံတဲ့ကိစၥကို ေကာ သူ႔မိဘေတြကို ေျပာျပသြားေသးလားဆိုတာကို ပူေနရသည္။

ေျပာသာေျပာျပလိုက္ရင္ သူ႔အေဖ သူ႔ကို သတ္မွာ...

ပိုင္ခ်င့္မင္က အသက္ျပင္းျပင္းရွူၿပီး ေျပာသည္

"မင္း တစ္ခ်ိန္လုံးလိမ္ေနတာ ဒီမိသားစုမွာ မင္းကို ဘယ္သူမ်ား ယုံၾကည္ဦးမွာလဲ? ေဆြ႕ယင္းက မင္းအတြက္ စိတ္ပူတာေၾကာင့္ မင္း အျပင္မွာ ဘယ္လိုရွိေနတယ္ဆိုတာကို ငါတို႔ကို ေျပာျပတာ။ မဟုတ္ရင္ သူ႔လို လုပ္ငန္းေတြဦးစီးေနတဲ့ သူေဌးႀကီးက မင္းခ်ီးေပါက္သမၽွ တစ္ခ်ိန္လုံး လိုက္ဂ႐ုစိုက္ေပးေနမလား?"

ပိုင္ရွင္းယြီ စိတ္သက္သာသြားသည္။ ၾကည့္ရတာ ေကာ သူတို႔ကို အဆိုးဆုံးကိစၥကိုေတာ့ ေျပာမသြားပုံရသည္။ ဒါေပမဲ့ သူ နည္းနည္း ေတာ့ မေကာင္းတဲ့ ခံစားခ်က္ေတြ ရေနေသးသည္။ သူ႔ကို ကူညီေပးဖို႔ သူ႔အေမကို မသိသာေလး ေနာက္တစ္ႀကိမ္ မ်က္စပစ္ျပလိုက္သည္။

လီေဝ့ဇီက သူ႔ေယာက္်ားကို တံေတာင္ျဖင့္တြတ္ၿပီး သက္ပ်င္းခ်ကာ

"ေျပာစရာရွိတာကိုပဲ တစ္ခါတည္း ေျပာလိုက္ပါ"

____///____


next chapter
Load failed, please RETRY

Batch unlock chapters

Table of Contents

Display Options

Background

Font

Size

Chapter comments

Write a review Reading Status: C2
Fail to post. Please try again
  • Writing Quality
  • Stability of Updates
  • Story Development
  • Character Design
  • World Background

The total score 0.0

Review posted successfully! Read more reviews
Report inappropriate content
error Tip

Report abuse

Paragraph comments

Login